စင်္ကာပူနိုင်ငံ MAHAMUNI BUDDHIST SOCIETY
ဗုဒ္ဓဂယာသုခါရာမကျောင်း ပဓာနနာယက
ပြည်တွင်း - ပြည်ပ သာသနာပြု ဆရာတော် Dr ဦးသုပီယ
(သာသနာဓဇ ဓမ္မာစရိယ၊ M.A,Ph.D)ထေရုပ္ပတ္တိ အကျဉ်း။
(သာသနာဓဇ ဓမ္မာစရိယ၊ M.A,Ph.D)ထေရုပ္ပတ္တိ အကျဉ်း။
၁။ ဆရာတော်လောင်းလျာကို မြန်မာနိုင်ငံ ၊ ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့နယ် ၊ မူရင်းကျေးရွာ၊ ခမည်းတော် ဦးသာဟန်ချေ+မယ်တော် ဒေါ်ဒုံဖြူ တို့မှ မြန်မာသက္ကရာဇ် - ၁၃၂၂ ခု၊ ဦးတန်းခူးလပြည့် ကျော် (၁၂) ၇က် (၂၂. ၄ . ၁၉၆၀) သောကြာနေ့တွင် မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့ပါသည်။
၂။ မြန်မာသက္ကရာဇ် ၁၃၃၅-ခု တန်းခူလပြည့်နေ့တွင် မူရင်ကျေးရွာ ကျောင်းသစ်ကျောင်း ဆရာတော် ဦးသာရိန္ဒ ကို ဥပဇ္ဈာယ်ပြု၍ မိဘ နှစ်ပါး၏ ပစ္စယာ နုဂ္ဂဟ ကိုခံယူကာ ရှင်သာမဏေအဖြစ်သို့ရောက် ရှိခဲ့ပါသည်။
၃။ သာသနာတော် သက္ကရာဇ် ၂၅၂၅-ခု မြန်မာသက္ကရာဇ်-၁၃၄၄-ခု ဦးတန်းခူးလပြည့်ကျော် (၁၂) ရက်နေ့ တွင် ဧရာဝတီတိုင်း ၀ါးခယ်မမြို့၊ ရေကျော်ရပ်ကွက်၊ မုခ၀တီကျောင်းတိုက်၊ ခဏ္ဍ သိမ်တော်ဝယ် ဒလမြို့ လယ်ပေါ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအာဒိစ္စ ကို ဥပ္ပဇ္ဈာယ်ပြု၍ ရဟန်းတကာကြီး ဦးမင်းစိန်+ ရဟန်း တကာမကြီး ဒေါ်မြင့်မြင့်ကြည်၊ သ္မီး မသက်သက်နွယ်၊ သား မောင်ဇော်လင်းထက်တို့ ၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ ..........