Tuesday 5 April 2011

Sayadaw Dr ဦးသုပီယ၏ ထေရုပ္ပတ္တိ အကျဉ်း

စင်္ကာပူနိုင်ငံ MAHAMUNI BUDDHIST SOCIETY  
ဗုဒ္ဓဂယာသုခါရာမကျောင်း ပဓာနနာယက
ပြည်တွင်း - ပြည်ပ သာသနာပြု ဆရာတော် Dr ဦးသုပီယ
(သာသနာဓဇ ဓမ္မာစရိယ၊ M.A,Ph.D)ထေရုပ္ပတ္တိ အကျဉ်း။

၁။ ဆရာတော်လောင်းလျာကို  မြန်မာနိုင်ငံ ၊  ရခိုင်ပြည်နယ် ၊  ကျောက်ဖြူမြို့နယ် ၊  မူရင်းကျေးရွာ၊ ခမည်းတော် ဦးသာဟန်ချေ+မယ်တော် ဒေါ်ဒုံဖြူ တို့မှ  မြန်မာသက္ကရာဇ် - ၁၃၂၂ ခု၊  ဦးတန်းခူးလပြည့် ကျော် (၁၂) ၇က်  (၂၂. ၄ . ၁၉၆၀)  သောကြာနေ့တွင်  မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့ပါသည်။
၂။ မြန်မာသက္ကရာဇ် ၁၃၃၅-ခု  တန်းခူလပြည့်နေ့တွင်  မူရင်ကျေးရွာ  ကျောင်းသစ်ကျောင်း  ဆရာတော် ဦးသာရိန္ဒ ကို ဥပဇ္ဈာယ်ပြု၍  မိဘ နှစ်ပါး၏ ပစ္စယာ နုဂ္ဂဟ ကိုခံယူကာ  ရှင်သာမဏေအဖြစ်သို့ရောက် ရှိခဲ့ပါသည်။
၃။ သာသနာတော် သက္ကရာဇ် ၂၅၂၅-ခု  မြန်မာသက္ကရာဇ်-၁၃၄၄-ခု  ဦးတန်းခူးလပြည့်ကျော်  (၁၂) ရက်နေ့ တွင် ဧရာဝတီတိုင်း ၀ါးခယ်မမြို့၊  ရေကျော်ရပ်ကွက်၊  မုခ၀တီကျောင်းတိုက်၊  ခဏ္ဍ သိမ်တော်ဝယ် ဒလမြို့ လယ်ပေါ်ကျောင်းတိုက် ဆရာတော်  ဘဒ္ဒန္တအာဒိစ္စ ကို ဥပ္ပဇ္ဈာယ်ပြု၍  ရဟန်းတကာကြီး  ဦးမင်းစိန်+ ရဟန်း တကာမကြီး  ဒေါ်မြင့်မြင့်ကြည်၊  သ္မီး မသက်သက်နွယ်၊ သား မောင်ဇော်လင်းထက်တို့ ၏  ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့  ရောက်ရှိခဲ့ပါသည်။ ..........

၎။ ဆရာတော်သည် ၁၃၃၆-ခုနှစ်မှ ၁၃၄၂-ခုနှစ်ထိ ကျောက်ဖြူမြို့ ယပ်လှဲကျောင်း ပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ နန္ဒမဟာထေရ် ထံတွင် ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းကို အောင်မြင် ၍ ဓမ္မာစရိယ တန်းကိုရောက်သည်အထိ ပညာသင်ကြားခဲ့ပါသည်။
၅။ ၁၃၄၂-ခု နှစ်မှ ၁၃၄၈-ခုနှစ်ထိ ရန်ကုန်မြို့ကျောက်မြောင်း မင်္ဂလသုခ ပါဠိတက္ကသိုလ် ကျောင်းတိုက်၊ ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းတာရ မေဒိနီကျောင်းတိုက်၊ ပန်းဘဲတန်းမြို့နယ်၊ မဟာသိမ်တော်ကြီး ပရိယတ္တိ စာသင်တိုက် တို့တွင်လည်း ဓမ္မာစရိယတန်း ဆိုင်ရာ စာပေများကို လေ့လာ သင်ကြားခဲ့ပါသည်။ ၁၃၄၈ ၊ ခု (၁၉၈၇) နှစ်တွင် ရန်ကင်းမြို့နယ် အနောက်ရန်ကင်း၊(၅) ရပ်ကွက်၊မင်္ဂလာဇေယျုံ ကျောင်းတိုက်မှ ဓမ္မာစရိယ တန်းကို ၀င်ရောက်ဖြေဆိုအောင်မြင်၍ “သာသနဓဇဓမ္မာစရိယ’’ ဘွဲ့ ကို ရရှိခဲ့ပါသည်။
၆။ ၁၃၅၀-ခုနှစ်မှ ၁၃၅၆-ခုနှစ်ထိ (၁၉၈၉ မှ ၁၉၉၅) ခုနှစ်ထိ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ် သို့ တက်ရောက် ပညာသင်ကြားခဲ့ရာ မဟာဓမ္မာစရိယ တန်းကိုအောင် မြင်တော်မူခဲ့ပါသည်။ ပရိယတ္တိစာပေများကိုသင်ကြားယင်း မဟာစည်သာသနာ့ ရိပ်သာ၊ မိုးကုတ်သာသနာ့ ရိပ်သာ ဌာနချုပ်၊ ဇနိတာရာမ မိုးကုတ်ရိပ်သာများသို့ ၀င်ရောက်ကာ ပဋိပတ္တိ သာသနာတော်ကိုလည်း ကျင့်ကြံ ကြိုးကုတ်အားထုတ်တော်မူခဲ့ပါသည်။
၇။ ၁၉၉၇ ခုနှစ် မှ စ၍ ပြည်တွင်းပြည်ပ သာသနာပြုလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လိုသဖြင့် အိန္ဒိယ နိုင်ငံသို့ကြွရောက်ကာ ဗုဒ္ဓဂယာ အနီး မဂဓ တက္ကသိုလ်၌ ပညာသင်ကြားခဲ့ရာ ၁၉၉၉ ခုနှစ်တွင် M.A (Buddhist Studies) ဘွဲ့ကိုရရှိတော်မူခဲ့ပါသည်။ ပညာသင်ကြားယင်း ၁၉၉၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံ မြတ်စွာဘုရားအဆူဆူ ပွင့်တော်မူရာ ဗုဒ္ဓဂယာ၌ “မဟာအောင်မြေကျောင်း’’ သာသနာပြု စီမံကိန်းကို သီတင်းသုံးဖေါ်ဆရာတော် (၅) ပါး နှင့် ပူးပေါင်းကာ စတင် အကောင်အထည်ဖေါ်ဆောင်ရွက်ခဲ့ပြီး ယနေ့တိုင် သာသနာပြုလုပ်ငန်းများ ကိုဆောင်ရွက် လျှက်ရှိပါသည်။ တဖက်တွင်လည်း မိမိ၏ ပညာရေူးများကို ဆက်လက် ကြိုးစားခဲ့ရာ ၂၀၀၃ ခုနှစ် တွင် မဂဓ တက္ကသိုလ်မှ “ Decline of Buddhism in India’’ ကျမ်းစာဖြင့် Ph.D ဘွဲ့ကို ရရှိခဲ့ပါသည်။
၈။ ၂၀၀၆ ခုနှစ်မှစ၍ ယနေ့တိုင် စင်္ကာပူနိုင်ငံ MAHAMUNI BUDDHIST SOCIETY အဖွဲ့နှင့်တွဲ့ဖက်ကာ မြန်မာနိုင်ငံမှ ကမ္မဋ္ဌာနာစရိယဆရာတော် ကြီးများအားပင့်ဖိတ်ကာ (၂ ) လ တစ်ကြိမ် (၇) ရက် အချိန်ပြည့် တရားစခန်းများဖွင့်လှစ်ခြင်း ၊ နေ့ တရားစခန်းများဖွင့်လှစ်ခြင်း ၊ ကလေးသူငယ်များအား ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်းများဖွင့်လှစ် သင်ကြားခြင်း စသော သာသနာပြု လုပ်ငန်းများကိုလုပ်ကိုင်ဆောင် ရွက်လျှက် ရှိပါသည်။ ထို့အပြင် မိမိမွေးရပ်ဒေသ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မူရင်းကျေးရွာ၌ ဘုန်းတော်ကြီး ကျောင်း၊ စာကြည့်တိုက် ၊ဆေးပေးခန်း များဆောက်လုပ်ခြင်း လုပ်ငန်းများကို ဦးစီးဦးဆောင်ပြု၍ ဆောင်ရွက်ခြင်း၊ ပညာမသင်ကြားနိုင်သော ကလေးများအား ပညာသင်စရိတ်ထောက်ပံ့ခြင်း စသော ပညာရေး၊ လူမူးရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျှက် ရှိပါသည်။

0 comments: